ဂျပန်မှာ Tax Return (အခွန်ပြန်လျှောက်) ရင်း “ဗီဇာ” အပယ်ခံရနိုင်တာ သတိထားမိကြလား?

ဂျပန်ရောက် မြန်မာတော်တော်များများ အခုတလော Tax Return (Kakutei Shinkoku) လျှောက်နေကြပါပြီ။ ပိုက်ဆံပြန်ရဖို့ပဲ စိတ်စောပြီး အမှားအယွင်းလုပ်မိရင် ဗီဇာသက်တမ်းတိုးတဲ့အခါ အကြီးအကျယ် ဒုက္ခရောက်နိုင်လို့ ဒီအချက် (၃) ချက်ကို အရင်ဖတ်ကြည့်ပေးပါ။
၁။ မှီခိုလူဦးရေ (Dependents) ကို လိမ်ညာထည့်ခြင်း အခွန်သက်သာချင်ရုံနဲ့ မြန်မာပြည်က မိသားစုဝင်တွေကို အများကြီး ထည့်ပြတာမျိုး ရှောင်ပါ။ ငွေလွှဲအထောက်အထား (Remittance Certificate) မခိုင်လုံရင် Immigration က “လိမ်လည်မှု” လို့ သတ်မှတ်ပြီး ဗီဇာပယ်ချနိုင်ပါတယ်။
၂။ လွှဲငွေပမာဏနဲ့ လစာ မမျှတခြင်း ကိုယ်ရတဲ့လစာထက် ပိုပြီး အိမ်ကိုလွှဲပြထားရင် “ဂျပန်မှာ ဘယ်လိုနေထိုင်စားသလဲ” ဆိုတဲ့ မေးခွန်းက ဗီဇာအတွက် အနှုတ်လက္ခဏာ ဖြစ်စေပါတယ်။
၃။ အခွန်ပြန်ရဖို့ထက် “Record” ကောင်းဖို့က ပိုအရေးကြီးတယ် ပိုက်ဆံအနည်းငယ် ပြန်ရဖို့အတွက်နဲ့ မိမိရဲ့ Tax Record ကို အပျက်စီးမခံပါနဲ့။ အခုနောက်ပိုင်း ဂျပန်အစိုးရက အခွန်ကိစ္စတွေကို အရင်ထက် ပိုမိုတင်းကျပ်နေပါပြီ။
✅ စိတ်ချရတဲ့ Visa နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုအတွက် “VCS Japan” ရှိပါတယ်။
Visa နဲ့ပတ်သက်ပြီး ကိုယ့်ဘာသာလျှောက်ရမှာ မသေချာလို့ပဲဖြစ်ဖြစ်၊ အထောက်အထား ခိုင်လုံမှု ရှိ၊ မရှိ စစ်ဆေးချင်လို့ပဲဖြစ်ဖြစ် VCS Japan မှာ စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်။
ကျွမ်းကျင်သူများက စနစ်တကျ ကူညီဆောင်ရွက်ပေးမှာဖြစ်လို့ ဗီဇာအတွက် စိတ်ပူစရာမလိုဘဲ အခွန်ကိစ္စတွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါပြီ။
အကြံပြုချက်: မသေချာတဲ့ နည်းလမ်းတွေနဲ့ လျှောက်မယ့်အစား VCS Japan နဲ့ အရင်တိုင်ပင်ပြီးမှ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။
English Version
Many Myanmar residents in Japan are currently filing their Tax Returns (Kakutei Shinkoku). While getting a refund is great, making mistakes out of haste can lead to serious consequences during your Visa extension. Please read these (3) key points carefully before you apply:
1. Falsifying Dependents Avoid claiming too many family members in Myanmar just to reduce your taxes. If your Remittance Certificates (proof of money transfer) are insufficient or inconsistent, Immigration may flag it as “fraud,” which can result in a Visa rejection.
2. Imbalance between Remittance and Salary If the amount of money you send home is disproportionately high compared to your actual salary, Immigration will question, “How are you supporting yourself in Japan?” This creates a negative record for your Visa status.
3. A Clean Record is more important than a Tax Refund Don’t ruin your Tax Record for the sake of a small refund. The Japanese government is becoming much stricter regarding tax compliance than ever before.
✅ For reliable Visa services, “VCS Japan” is here for you!
Whether you are unsure about applying on your own or want to verify the strength of your documentation, you can trust VCS Japan. Our experts will assist you systematically, ensuring your tax matters are handled correctly without compromising your Visa status.
Recommendation: Instead of risking your future with uncertain methods, we strongly encourage you to consult with VCS Japan first.