📄 Gensen Choushuu Hyou (源泉徴収票) ဆိုတာဘာလဲ?
Gensen Choushuu Hyou (源泉徴収票) ဆိုတာ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေသူတိုင်းအတွက် အလွန်အရေးကြီးတဲ့စာရွက်စာတမ်း တစ်ခုဖြစ်ပါတယ်။
မြန်မာလိုဆိုရင် “တစ်နှစ်စာဝင်ငွေနဲ့အခွန်ပေးဆောင်မှုအသေးစိတ်စာတမ်း” လို့ နားလည်နိုင်ပါတယ်။
ဒီစာရွက်ထဲမှာ
✔️ သင့်တစ်နှစ်စာ လစာစုစုပေါင်း
✔️ အစိုးရကို ပေးဆောင်ထားတဲ့ ဝင်ငွေခွန်
✔️ နုတ်ပယ်ခံထားရတဲ့ အခွန်၊ အာမခံ စတဲ့အချက်အလက်တွေ
အားလုံးကို တစ်စုတစ်စည်းတည်း ဖော်ပြထားပါတယ်။
🔍၁။ 源泉徴収票 ကိုဘယ်အချိန်ရလဲ?
- ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်စာလစာအပေါ်အခြေခံပြီး
- ပုံမှန်အားဖြင့် ဒီဇင်ဘာလကုန် သို့မဟုတ် နောက်နှစ်ဇန်နဝါရီလ မှာ
👉 ကုမ္ပဏီက ဝန်ထမ်းတိုင်းကို ထုတ်ပေးပါတယ်။
📊၂။ကြည့်ရှုရမယ့်အရေးကြီးဆုံးအချက် (၄) ချက်
Gensen Choushuu Hyou ထဲမှာ အောက်ပါ ကိန်းဂဏန်း (၄) ခုကို အထူးသတိထားကြည့်ရပါမယ်👇
① 支払金額 (Shiharai Kingaku)
စုစုပေါင်းဝင်ငွေ
- အခွန်၊ အာမခံ မနှုတ်ခင်
- တစ်နှစ်စာ လစာ + Bonus စုစုပေါင်း
② 給与所得控除後の金額
(Kyuuyo Shotoku Koujo-go no Kingaku)
စံနုတ်ပယ်ပြီးကျန်တဲ့ဝင်ငွေ
- အစိုးရသတ်မှတ်ထားတဲ့ အခြေခံကုန်ကျစရိတ်တွေကို
- ဝင်ငွေထဲက နုတ်ပြီးကျန်တဲ့ပမာဏ
③ 所得控除の額の合計額
(Shotoku Koujo no Gaku no Goukeigaku)
နုတ်ပယ်ခွင့်စုစုပေါင်း
- လူမှုဖူလုံရေးအာမခံ (Shakai Hoken)
- မိသားစုထောက်ပံ့ကြေး (Dependent)
- အခြား နုတ်ပယ်ခွင့်များ စုစုပေါင်း
④ 源泉徴収税額 (Gensen Choushuu Zeigaku)
ပေးဆောင်ပြီးသားဝင်ငွေခွန်
- သင် တစ်နှစ်တာအတွင်း အမှန်တကယ် ပေးဆောင်ထားတဲ့
👉 ဝင်ငွေခွန် စုစုပေါင်းပမာဏ
🏢၃။ဒီစာရွက်ဘယ်နေရာတွေမှာလိုအပ်လဲ?
Gensen Choushuu Hyou ကို မပျောက်အောင်သေချာသိမ်းထားရပါမယ်။
အောက်ပါကိစ္စတွေမှာ မဖြစ်မနေ လိုအပ်ပါတယ်👇
✅ ဗီဇာသက်တမ်းတိုး (Visa Extension)
– Immigration က ဝင်ငွေအခြေအနေ စစ်ဆေးရန် တောင်းဆိုနိုင်ပါတယ်
✅ အခွန်ပြန်အမ်းငွေလျှောက်ခြင်း (確定申告 / Kakutei Shinkoku)
– Dependent လျှောက်ပြီး အခွန်ပြန်ယူချင်ရင် လိုအပ်
✅ အိမ်ငှား / ချေးငွေလျှောက်ခြင်း
– ပုံမှန်ဝင်ငွေရှိကြောင်း သက်သေပြရန်
✅ အလုပ်ပြောင်းခြင်း
– ကုမ္ပဏီအသစ်က အခွန်စာရင်း ဆက်လုပ်ဖို့ တောင်းပါလိမ့်မယ်
⚠️၄။သတိပြုရန်အချက်
- အကယ်၍ 源泉徴収税額 = 0 ဖြစ်နေပါက
👉 ဝင်ငွေနည်းခြင်း
👉 Dependent များခြင်း
စတဲ့ အကြောင်းအရင်းကြောင့်
ဝင်ငွေခွန်မပေးဆောင်ရတဲ့အခြေအနေ ဖြစ်နိုင်ပါတယ်။
📌 အကျဉ်းချုပ်
Gensen Choushuu Hyou ဟာ
✔️ အခွန်
✔️ ဗီဇာ
✔️ အလုပ်
✔️ နေထိုင်မှု
အားလုံးနဲ့ ဆက်စပ်နေတဲ့ အရေးကြီးဆုံးစာရွက်စာတမ်း ဖြစ်တဲ့အတွက်
မပျောက်အောင်သိမ်းထားဖို့အထူးအရေးကြီးပါတယ်။
ဂျပန်နိုင်ငံမှာ Visa တင်ဖို့ စိတ်ပူနေသူများအတွက် VCS Japan မှာ service တင်နိုင်ပြီး –
✅ လျင်မြန် လွယ်ကူစွာ လုပ်ချင်သူ
✅ အချက်အလက်မှန်မှန်နဲ့ ပြင်ဆင်ချင်သူ
✅ Reject မဖြစ်အောင် စနစ်တကျ လုပ်ချင်သူ
အခုပဲ VCS Japan မှာ လုပ်ငန်းအပ်ပြီး စိတ်ချယုံကြည်စွာ လျှောက်နိုင်ပါပြီ
ဒါ့အပြင် VCS Japan ဟာ Mother Company ဖြစ်တဲ့ B2B Japan နှင့်လည်း အတူရှိနေတဲ့အတွက်
အကယ်လို့ သင်က ဂျပန်မှာနေပြီး အိမ်အငှါးဝန်ဆောင်မှု၊ Home Wifi၊ Pocket Wifi၊ Simcard တို့ကို ရှာဖွေနေရင်လည်း
VCS Japan မှာပင် စုံစမ်းမေးမြန်းကာ ဝယ်ယူနိုင်ပါကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ်။
