ဂျပန်ရောက် မြန်မာတော်တော်များများ အခုတလော Tax Return (Kakutei Shinkoku) လျှောက်နေကြပါပြီ။ ပိုက်ဆံပြန်ရဖို့ပဲ စိတ်စောပြီး အမှားအယွင်းလုပ်မိရင် ဗီဇာသက်တမ်းတိုးတဲ့အခါ အကြီးအကျယ် ဒုက္ခရောက်နိုင်လို့ ဒီအချက် (၃) ချက်ကို အရင်ဖတ်ကြည့်ပေးပါ။ ၁။ မှီခိုလူဦးရေ (Dependents) ကို လိမ်ညာထည့်ခြင်း အခွန်သက်သာချင်ရုံနဲ့ မြန်မာပြည်က မိသားစုဝင်တွေကို အများကြီး ထည့်ပြတာမျိုး ရှောင်ပါ။ ငွေလွှဲအထောက်အထား (Remittance Certificate) မခိုင်လုံရင် Immigration က “လိမ်လည်မှု” လို့ သတ်မှတ်ပြီး ဗီဇာပယ်ချနိုင်ပါတယ်။ ၂။ လွှဲငွေပမာဏနဲ့ လစာ မမျှတခြင်း ကိုယ်ရတဲ့လစာထက် ပိုပြီး အိမ်ကိုလွှဲပြထားရင် “ဂျပန်မှာ ဘယ်လိုနေထိုင်စားသလဲ” ဆိုတဲ့ မေးခွန်းက ဗီဇာအတွက် အနှုတ်လက္ခဏာ ဖြစ်စေပါတယ်။ ၃။ အခွန်ပြန်ရဖို့ထက် “Record” ကောင်းဖို့က ပိုအရေးကြီးတယ် ပိုက်ဆံအနည်းငယ် ပြန်ရဖို့အတွက်နဲ့ မိမိရဲ့ Tax Record ကို အပျက်စီးမခံပါနဲ့။ အခုနောက်ပိုင်း ဂျပန်အစိုးရက အခွန်ကိစ္စတွေကို အရင်ထက် ပိုမိုတင်းကျပ်နေပါပြီ။ ✅ စိတ်ချရတဲ့ Visa နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုအတွက် “VCS Japan” ရှိပါတယ်။ Visa နဲ့ပတ်သက်ပြီး ကိုယ့်ဘာသာလျှောက်ရမှာ မသေချာလို့ပဲဖြစ်ဖြစ်၊ အထောက်အထား ခိုင်လုံမှု ရှိ၊ မရှိ စစ်ဆေးချင်လို့ပဲဖြစ်ဖြစ် VCS Japan မှာ စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်။ ကျွမ်းကျင်သူများက စနစ်တကျ ကူညီဆောင်ရွက်ပေးမှာဖြစ်လို့ ဗီဇာအတွက် စိတ်ပူစရာမလိုဘဲ အခွန်ကိစ္စတွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါပြီ။ အကြံပြုချက်: မသေချာတဲ့ နည်းလမ်းတွေနဲ့ လျှောက်မယ့်အစား VCS Japan နဲ့ အရင်တိုင်ပင်ပြီးမှ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ English Version Many Myanmar residents in Japan are currently filing their Tax Returns (Kakutei Shinkoku). While getting a refund is great, making mistakes out of haste can lead to serious consequences during your Visa extension. Please read these (3) key points carefully before you apply: 1. Falsifying Dependents Avoid claiming too many family members in Myanmar just to reduce your taxes. If your Remittance Certificates (proof of money transfer) are insufficient or inconsistent, Immigration may flag it as “fraud,” which can result in a Visa rejection. 2. Imbalance between Remittance and Salary If the amount of money you send home is disproportionately high compared to your actual salary, Immigration will question, “How are you supporting yourself in Japan?” This creates a negative record for your Visa status. 3. A Clean Record is more important than a Tax Refund Don’t ruin your Tax Record for the sake of a small refund. The Japanese government is becoming much stricter regarding tax compliance than ever before. ✅ For reliable Visa services, “VCS Japan” is here for you! Whether you are unsure about applying on your own or want to verify the strength of your documentation, you can trust VCS Japan. Our experts will assist you systematically, ensuring your tax matters are handled correctly without compromising your Visa status. Recommendation: Instead of risking your future with uncertain methods, we strongly encourage you to consult with VCS Japan first.
ဂျပန်သွားဖို့ပဲဖြစ်ဖြစ်၊ ဂျပန်မှာ Visa ပြောင်းဖို့ပဲဖြစ်ဖြစ်… စိတ်ပူနေရပြီလား?
ဂျပန်သွားဖို့ပဲဖြစ်ဖြစ်၊ ဂျပန်မှာ Visa ပြောင်းဖို့ပဲဖြစ်ဖြစ်… စိတ်ပူနေရပြီလား? Visa Consulting ယူဖို့ မေ့နေကြမှာစိုးလို့ တစ်ချက်လောက် သတိပေးပါရစေ။ ဂျပန်ရောက်ဖို့ စိတ်ကူးရှိရင်ဖြစ်ဖြစ်၊ ရောက်နေပြီးသားသူတွေ ဗီဇာကိစ္စ အခက်အခဲရှိရင်ဖြစ်ဖြစ် VCS Japan ရှိတယ်နော်။ အဓိက အားသာချက်ကတော့ ဂျပန်နိုင်ငံက ရှေ့နေကိုယ်တိုင် သေချာတိုင်ပင်ဆွေးနွေးပေးမှာဖြစ်လို့ အချက်အလက်မှန်ကန်မှုအတွက် ၁၀၀% စိတ်ချရပါတယ်။ လျင်မြန် လွယ်ကူစွာ လုပ်ချင်သူများ အချက်အလက် တိတိကျကျနဲ့ ပြင်ဆင်ချင်သူများ Reject မဖြစ်အောင် စနစ်တကျ လျှောက်ထားချင်သူများ အခုပဲ VCS Japan မှာ လုပ်ငန်းအပ်ပြီး စိတ်အေးလက်အေးနဲ့ ဗီဇာလျှောက်လိုက်ပါ။ ရှေ့နေနဲ့ တိုင်ပင်ရမှာဖြစ်လို့ ရက်လေးတော့ ကြိုတင်ချိတ်ပေးဖို့ လိုမယ်နော်။
ပထမဆုံးအကြိမ် ဂျပန်ကို အလည်ဗီဇာ (Tourist Visa) နဲ့ သွားဖို့ ပြင်ဆင်နေသူတွေအတွက်
ပထမဆုံးအကြိမ် ဂျပန်ကို အလည်ဗီဇာ (Tourist Visa) နဲ့ သွားဖို့ ပြင်ဆင်နေသူတွေအတွက် “ဗီဇာကျဖို့ ရာခိုင်နှုန်းများစေမယ့်” သတိထားရမယ့် အချက် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။ Japan Tourist Visa လျှောက်တော့မယ်ဆိုရင် ဒါတွေသတိထား! ၁။ ခရီးစဉ် (Itinerary) နှင့် ဟိုတယ် Booking ပထမဆုံးလျှောက်သူတွေအတွက် ခရီးစဉ်ဇယားက အရေးကြီးပါတယ်။ ဘယ်နေ့မှာ ဘယ်နေရာသွားမယ်၊ ဘယ်ဟိုတယ်မှာ တည်းမယ်ဆိုတာကို အသေးစိတ်ရေးရပါမယ်။ ဟိုတယ် Booking ကလည်း ဗီဇာလျှောက်တဲ့ ခရီးစဉ်နဲ့ ထပ်တူကျနေဖို့ လိုပါတယ်။ ၂။ အလုပ်အကိုင် ခိုင်မာမှု ပြသခြင်း မြန်မာနိုင်ငံကို ပြန်လာမှာဖြစ်ကြောင်း သက်သေပြဖို့ အလုပ်ရှင်ဆီက Recommendation Letter (သို့မဟုတ်) အလုပ်နားခွင့်စာ လိုအပ်ပါတယ်။ ကုမ္ပဏီပိုင်ရှင်ဆိုရင်တော့ ကုမ္ပဏီလိုင်စင် (DICA) ပြဖို့ လိုပါမယ်။၃။ ဘဏ်စာရင်း (Bank Statement) မှာ ငွေအဝင်အထွက် Show Money က ပမာဏတင်မကဘဲ Balance တည်ငြိမ်မှု ကလည်း အရေးကြီးပါတယ်။ ဗီဇာလျှောက်ခါနီးမှ ပိုက်ဆံအများကြီး ရုတ်တရက် ထည့်လိုက်တာမျိုးက သံရုံးရဲ့ သံသယကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန် အဝင်အထွက်ရှိနေတဲ့ Statement မျိုးက ပိုခိုင်မာပါတယ်။ ၄။ ပတ်စပို့ (Passport) သက်တမ်း ပတ်စပို့သက်တမ်းဟာ အနည်းဆုံး (၆) လ ကျန်ရှိနေရပါမယ်။ သက်တမ်းသိပ်မကျန်တော့ရင် အသစ်လဲပြီးမှ လျှောက်တာ ပိုစိတ်ချရပါတယ်။ ၅။ VFS မှာ Appointment ကြိုတင်ရယူခြင်း အခုဆိုရင် VFS Global ကနေပဲ လက်ခံတာဖြစ်လို့ ခရီးမထွက်ခင် ရက်ပေါင်း (၃၀) ခန့် ကြိုတင်ပြီး Appointment ယူထားသင့်ပါတယ်။ လူများတတ်တဲ့အတွက် နောက်ကျမှလျှောက်ရင် ခရီးစဉ်ရက်နဲ့ မမီတာမျိုး ဖြစ်တတ်ပါတယ်။ ဂျပန်နိုင်ငံမှာ Visa တင်ဖို့ စိတ်ပူနေသူများအတွက် VCS Japan မှာ service တင်နိုင်ပြီး – လျင်မြန် လွယ်ကူစွာ လုပ်ချင်သူ အချက်အလက်မှန်မှန်နဲ့ ပြင်ဆင်ချင်သူ Reject မဖြစ်အောင် စနစ်တကျ လုပ်ချင်သူအခုပဲ VCS Japan မှာ လုပ်ငန်းအပ်ပြီး စိတ်ချယုံကြည်စွာ လျှောက်နိုင်ပါပြီ ဒါ့အပြင် VCS Japan ဟာ Mother Company ဖြစ်တဲ့ B2B Japan နှင့်လည်း အတူရှိနေတဲ့အတွက် အကယ်လို့ သင်က ဂျပန်မှာနေပြီး အိမ်အငှါးဝန်ဆောင်မှု၊ Home Wifi၊ Pocket Wifi၊ Simcard တို့ကို ရှာဖွေနေရင်လည်း VCS Japan မှာပင် စုံစမ်းမေးမြန်းကာ ဝယ်ယူနိုင်ပါကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ်။
Advantages of Applying for a Work Visa While in Japan
🇯🇵 Advantages of Applying for a Work Visa While in Japan 1️⃣ Easier Job SearchIf you are already in Japan, you can attend face-to-face interviews with employers.You can easily join trials, tests, and meetings, which increases your chances of getting hired.👉 Higher employment success rate 2️⃣ Greater Trust from EmployersApplicants who are legally staying in Japan are often seen by employers as long-term and stable candidates.This makes employers more willing to support the COE (Certificate of Eligibility) application. 3️⃣ Ability to Change Visa Status (在留資格変更)If you are currently in Japan with a: 👉 You can apply to change your status to a Work Visa👉 No need to return to Myanmar — everything can be done within Japan 4️⃣ Saves Time and CostsThere’s no need to travel back and forth between Myanmar and Japan.You can save on airfare, time, and expenses, and once the COE is approved, the visa issuance is usually faster. 5️⃣ Faster Job StartAfter the visa status change is approved, companies can start you working immediately.👉 This is also more convenient for employers. 6️⃣ Familiarity with the Japanese SystemYou already understand: 👉 This shortens company training time and helps you adapt quickly. ဂျပန်မှာ Work Visa လျှောက်ရင် ရမယ့် အားသာချက်များ အလုပ်ရှာရတာ ပိုလွယ်တယ် ဂျပန်အတွင်းမှာရှိနေရင် Employer နဲ့ Interview ကို လူချင်းတွေ့ လုပ်ဆောင်နိုင်ပါတယ်။ Trial / Test / Meeting များကို လွယ်ကူစွာ တက်ရောက်နိုင်တာမို့ အလုပ်ရရှိနိုင်ချေ ပိုမြင့် ပါတယ်။ Employer ဘက်က ယုံကြည်မှုပိုရှိလာမယ်။ ဂျပန်မှာ တရားဝင်နေရင်း လျှောက်ထားတဲ့သူကို အလုပ်ရှင်တွေက ရေရှည်နေထိုင်နိုင်မယ့် လူ လို့ မြင်တတ်တယ်။ COE လျှောက်ပေးချင်စိတ် ပိုရှိတတ် ပါတယ်။ Visa Status Change (在留資格変更) လျှောက်နိုင်တယ် ဂျပန်မှာ -Student Visa -Dependent Visa -Long-term Visa ရှိနေရင် Work Visa သို့ ပြောင်းလဲလျှောက်နိုင်ပါတယ်။ မြန်မာကနေ ပြန်မလာဘဲ ဂျပန်အတွင်းမှာပဲ လုပ်နိုင်ပါတယ်။ အချိန်နှင့် ကုန်ကျစရိတ် သက်သာတယ် မြန်မာ → ဂျပန် ပြန်လာစရာမလို လေယာဉ်ခရီးစရိတ်၊ အချိန်ကုန်ကျမှု လျော့နည်းတာမို့ COE ပြီးသွားရင် Visa ထွက်ချိန် မြန်တတ် ပါတယ်။ အလုပ်စတင်ချိန် ပိုမြန်တယ် Visa ပြောင်းလဲပြီးတာနဲ့ Company က အလုပ်စတင်နိုင်အောင် ချက်ချင်းခေါ်နိုင် ပါတယ်။ Employer ဘက်အတွက်လည်း အဆင်ပြေပါတယ်။ ဂျပန်စနစ်ကို နားလည်ပြီးသား ဖြစ်တယ်။ ဂျပန်အလုပ်ယဉ်ကျေးမှု Language, Rules, Lifestyle ကို နားလည်ပြီးသားဖြစ်လို့ Company training အချိန် တိုတတ် ပါတယ်။ သတိထားရန် အချက်များ Tourist Visa ဖြင့် Work Visa ပြောင်းလို့ မရပါ။ လက်ရှိ Visa သက်တမ်း မကုန်ခင် လျှောက်ရပါမယ်။ အလုပ်အမျိုးအစားက Work Visa အမျိုးအစားနဲ့ ကိုက်ညီရပါမယ်။ တကယ်အရေးကြီးတာက — မိမိရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ဗီဇာရွေးဖို့ပါ! ဂျပန်သွားဖို့အတွက် Visa လျှောက်မယ်ဆိုရင် VCS Japan ရှိပါတယ်။
ဂျပန်မှာ Visa လျှောက်မယ်ဆိုရင် ဒါက သိထားဖို့လိုနေပြီနော်။
ဂျပန်မှာနေတာလည်း ၅ နှစ်နဲ့ အထက်ရှိနေပြီ။ ⏳🇯🇵 နိုင်ငံသားခံယူမယ်လို့ တွေးထားကြတဲ့ မြန်မာလူမျိုးတွေရှိလား? 🇲🇲🤔 နိုင်ငံသား ခံယူမယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ 🙅♂️📝 အခုဆိုရင် တရားဝင်ဥပဒေမထွက်သေးပေမယ့် ၁၀ နှစ်နေမှပဲ PR လျှောက်လို့ရမယ်, နိုင်ငံသားလျှောက်လို့ရမယ်တွေ ပြောနေကြပြီ။ ဒါပေမယ့် ဂျပန်နိုင်ငံမှာ အခြေချနေထိုင်ဖို့လဲ တွေးနေပြီ။ 🏠🌸 လွှဲချော်လို့လဲမရသလို အချက်အလက်ကျကျနဲ့ နည်းစနစ်ကျကျ ဆောင်ရွက်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ Visa Supporting Service ကို ရှာဖွေနေပြီလား? 🔍✅ ဂျပန်နိုင်ငံမှာနေမယ်။ မှီခို Visa, Work Visa, Student Visa, Tokutei Visa, Katsudo Visa ဘာပဲ ပြောင်းပြောင်း ဘာပဲလျှောက်လျှောက် VCS Japan က အနားမှာ ရှိနေပါတယ်။ 🤝🏢 VCS Japan ဆိုတာ Customer များရဲ့ ယုံကြည်မှုများစွာကနေ ဖြစ်တည်လာတဲ့ Visa Service လုပ်ငန်းဖြစ်ပါတယ်။ 💯⭐ Visa Service ဆိုတာနဲ့ လွယ်လွယ်ကူကူ လုပ်လို့ရတာ မဟုတ်ပါဘူး။ ⚖️📑 အချက်အလက်တွေက မှန်ကန်တိကျရမယ်။ ✔️ ကျွမ်းကျင်တတ်ကျွမ်းသူများသာ တာဝန်ယူ လုပ်ဆောင်ပေးနေတဲ့အရာ ဖြစ်တာကြောင့် လူကြီးမင်းတို့ရဲ့ အသက်တမျှ အရေးကြီးတဲ့ VISA အတွက် စိတ်ချယုံကြည်ရတာ ရှာနေပြီဆိုရင် VCS Japan က ရှိနေတယ်နော်။ 👨💼💼❤️ ဂျပန်နိုင်ငံမှာ Visa တင်ဖို့ စိတ်ပူနေသူများအတွက် VCS Japan မှာ service တင်နိုင်ပြီး – 📩📲 ✅ လျင်မြန် လွယ်ကူစွာ လုပ်ချင်သူ ⚡️ ✅ အချက်အလက်မှန်မှန်နဲ့ ပြင်ဆင်ချင်သူ ✔️ ✅ Reject မဖြစ်အောင် စနစ်တကျ လုပ်ချင်သူ 🛡️🚫 အခုပဲ VCS Japan မှာ လုပ်ငန်းအပ်ပြီး စိတ်ချယုံကြည်စွာ လျှောက်နိုင်ပါပြီ။ 📣👇 ဒါ့အပြင် VCS Japan ဟာ Sister Company ဖြစ်တဲ့ B2B Japan နှင့်လည်း အတူရှိနေတဲ့အတွက် 👭🏢 အကယ်လို့ သင်က ဂျပန်မှာနေပြီး အိမ်အငှါးဝန်ဆောင်မှု၊ Home Wifi၊ Pocket Wifi၊ Simcard တို့ကို ရှာဖွေနေရင်လည်း 🏘️📶🌐 VCS Japan မှာပင် စုံစမ်းမေးမြန်းကာ ဝယ်ယူနိုင်ပါကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ်။ 💁♂️💌✨ You’ve already been living in Japan for over 5 years. ⏳🇯🇵 Are there any Myanmar people 🇲🇲🤔 who are thinking about applying for Permanent Residency (PR) or even Japanese citizenship?Becoming a citizen is definitely not an easy process. 🙅♂️📝 At the moment, although there is no official law announced yet, many people are already talking about requirements such as needing 10 years of residence before being able to apply for PR or citizenship. If you are seriously considering settling down in Japan 🏠🌸 and want to proceed carefully without making mistakes, have you found a reliable Visa Supporting Service that can handle everything accurately and systematically? 🔍✅ No matter what type of visa you are applying for or changing—Dependent Visa, Work Visa, Student Visa, Tokutei Visa, or Katsudo Visa—VCS Japan is here to support you. 🤝🏢VCS Japan is a trusted visa service company built on strong customer confidence and satisfaction. 💯⭐ Visa applications are not something that can be done casually. ⚖️📑All documents must be accurate and precise ✔️ and handled by experienced professionals.If you are looking for a service you can trust with something as important as your life’s VISA, VCS Japan is here for you. 👨💼💼❤️ For those who are worried about applying for a visa in Japan, you can submit your application through VCS Japan if you are someone who: ✅ Wants a fast and smooth process ⚡️✅ Wants correct and well-prepared documents ✔️✅ Wants to avoid rejection by following a proper system 🛡️🚫 Apply now with VCS Japan and proceed with confidence and peace of mind. 📣👇 In addition, VCS Japan works together with its sister company, B2B Japan 👭🏢So if you are living in Japan and looking for:🏘️ Apartment rental services📶 Home WiFi🌐 Pocket WiFi📱 SIM cards You can also inquire and purchase all of these services through VCS Japan.We’re happy to share this great news with you! 💁♂️💌✨
📄Gensen Choushuu Hyou (源泉徴収票) ဆိုတာဘာလဲ?
📄 Gensen Choushuu Hyou (源泉徴収票) ဆိုတာဘာလဲ? Gensen Choushuu Hyou (源泉徴収票) ဆိုတာ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေသူတိုင်းအတွက် အလွန်အရေးကြီးတဲ့စာရွက်စာတမ်း တစ်ခုဖြစ်ပါတယ်။မြန်မာလိုဆိုရင် “တစ်နှစ်စာဝင်ငွေနဲ့အခွန်ပေးဆောင်မှုအသေးစိတ်စာတမ်း” လို့ နားလည်နိုင်ပါတယ်။ ဒီစာရွက်ထဲမှာ✔️ သင့်တစ်နှစ်စာ လစာစုစုပေါင်း✔️ အစိုးရကို ပေးဆောင်ထားတဲ့ ဝင်ငွေခွန်✔️ နုတ်ပယ်ခံထားရတဲ့ အခွန်၊ အာမခံ စတဲ့အချက်အလက်တွေအားလုံးကို တစ်စုတစ်စည်းတည်း ဖော်ပြထားပါတယ်။ 🔍၁။ 源泉徴収票 ကိုဘယ်အချိန်ရလဲ? 📊၂။ကြည့်ရှုရမယ့်အရေးကြီးဆုံးအချက် (၄) ချက် Gensen Choushuu Hyou ထဲမှာ အောက်ပါ ကိန်းဂဏန်း (၄) ခုကို အထူးသတိထားကြည့်ရပါမယ်👇 ① 支払金額 (Shiharai Kingaku) စုစုပေါင်းဝင်ငွေ ② 給与所得控除後の金額 (Kyuuyo Shotoku Koujo-go no Kingaku)စံနုတ်ပယ်ပြီးကျန်တဲ့ဝင်ငွေ ③ 所得控除の額の合計額 (Shotoku Koujo no Gaku no Goukeigaku)နုတ်ပယ်ခွင့်စုစုပေါင်း ④ 源泉徴収税額 (Gensen Choushuu Zeigaku) ပေးဆောင်ပြီးသားဝင်ငွေခွန် 🏢၃။ဒီစာရွက်ဘယ်နေရာတွေမှာလိုအပ်လဲ? Gensen Choushuu Hyou ကို မပျောက်အောင်သေချာသိမ်းထားရပါမယ်။အောက်ပါကိစ္စတွေမှာ မဖြစ်မနေ လိုအပ်ပါတယ်👇 ✅ ဗီဇာသက်တမ်းတိုး (Visa Extension)– Immigration က ဝင်ငွေအခြေအနေ စစ်ဆေးရန် တောင်းဆိုနိုင်ပါတယ် ✅ အခွန်ပြန်အမ်းငွေလျှောက်ခြင်း (確定申告 / Kakutei Shinkoku)– Dependent လျှောက်ပြီး အခွန်ပြန်ယူချင်ရင် လိုအပ် ✅ အိမ်ငှား / ချေးငွေလျှောက်ခြင်း– ပုံမှန်ဝင်ငွေရှိကြောင်း သက်သေပြရန် ✅ အလုပ်ပြောင်းခြင်း– ကုမ္ပဏီအသစ်က အခွန်စာရင်း ဆက်လုပ်ဖို့ တောင်းပါလိမ့်မယ် ⚠️၄။သတိပြုရန်အချက် 📌 အကျဉ်းချုပ်Gensen Choushuu Hyou ဟာ✔️ အခွန်✔️ ဗီဇာ✔️ အလုပ်✔️ နေထိုင်မှုအားလုံးနဲ့ ဆက်စပ်နေတဲ့ အရေးကြီးဆုံးစာရွက်စာတမ်း ဖြစ်တဲ့အတွက်မပျောက်အောင်သိမ်းထားဖို့အထူးအရေးကြီးပါတယ်။ ဂျပန်နိုင်ငံမှာ Visa တင်ဖို့ စိတ်ပူနေသူများအတွက် VCS Japan မှာ service တင်နိုင်ပြီး – ✅ လျင်မြန် လွယ်ကူစွာ လုပ်ချင်သူ ✅ အချက်အလက်မှန်မှန်နဲ့ ပြင်ဆင်ချင်သူ ✅ Reject မဖြစ်အောင် စနစ်တကျ လုပ်ချင်သူ အခုပဲ VCS Japan မှာ လုပ်ငန်းအပ်ပြီး စိတ်ချယုံကြည်စွာ လျှောက်နိုင်ပါပြီ ဒါ့အပြင် VCS Japan ဟာ Mother Company ဖြစ်တဲ့ B2B Japan နှင့်လည်း အတူရှိနေတဲ့အတွက် အကယ်လို့ သင်က ဂျပန်မှာနေပြီး အိမ်အငှါးဝန်ဆောင်မှု၊ Home Wifi၊ Pocket Wifi၊ Simcard တို့ကို ရှာဖွေနေရင်လည်း VCS Japan မှာပင် စုံစမ်းမေးမြန်းကာ ဝယ်ယူနိုင်ပါကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ်။
ဂျပန်မှာ Work Visa လျှောက်ဖို့တွေးနေပြီလား?
ဂျပန်မှာ Work Visa လျှောက်ဖို့တွေးနေပြီလား? သင်ကဂျပန်မှာ ကျောင်းပြီးသွားသူတစ်ယောက်လား?ဒါမှမဟုတ် မြန်မာနိုင်ငံကနေ အလုပ်လျှောက်မှာလား? Visa လျှောက်မယ်ဆိုရင် အရေးကြီးဆုံးက အချက်အလက် စုံစုံလင်လင်မှန်မှန်ကန်ကန်ရှိဖို့ လိုပါတယ်။ ဒါဆိုရင် Work Visa လျှောက်ဖို့ အချိန်ကာလအားဖြင့် ဘယ်လောက်ယူလေ့ရှိသလဲ? အချိန်ကာလအားဖြင့် ၃လဝန်းကျင်ရှိပါတယ်။ ဒါကတော့ ကိုယ်လျှောက်ထားတဲ့ Company အပေါ်လည်း မူတည်ပါတယ်။ အချက်အလက်အားဖြင့် ၂ပိုင်းခွဲခြားထားပါတယ်။ ① COE (Certificate of Eligibility) ② Visa Application – Myanmar/Japan embassy မှာလျှောက်ထားရမယ့်အရာပါ။ ဂျပန်နိုင်ငံမှာ Visa တင်ဖို့ စိတ်ပူနေသူများအတွက် VCS Japan မှာ service တင်နိုင်ပြီး – လျင်မြန် လွယ်ကူစွာ လုပ်ချင်သူ အချက်အလက်မှန်မှန်နဲ့ ပြင်ဆင်ချင်သူ Reject မဖြစ်အောင် စနစ်တကျ လုပ်ချင်သူ အခုပဲ VCS Japan မှာ လုပ်ငန်းအပ်ပြီး စိတ်ချယုံကြည်စွာ လျှောက်နိုင်ပါပြီ ဒါ့အပြင် VCS Japan ဟာ Mother Company ဖြစ်တဲ့ B2B Japan နှင့်လည်း အတူရှိနေတဲ့အတွက် အကယ်လို့ သင်က ဂျပန်မှာနေပြီး အိမ်အငှါးဝန်ဆောင်မှု၊ Home Wifi၊ Pocket Wifi၊ Simcard တို့ကို ရှာဖွေနေရင်လည်း VCS Japan မှာပင် စုံစမ်းမေးမြန်းကာ ဝယ်ယူနိုင်ပါကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ်။
Japan Visa လျှောက်မယ့်နေရာအသစ် JVAC
ဂျပန်ဗီဇာ လျှောက်ထားလိုသူများအတွက် သတင်းကောင်း!ယခုအခါ Japan Visa Application Centre (JVAC) ကို ကန်တော်ကြီးအနီး Kan Thar Yar Centre တွင် တရားဝင်ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂျပန်ဗီဇာနှင့် သက်ဆိုင်ရာ လျှောက်ထားမှုတွေကို ဂျပန်သံရုံးအထိ မသွားပဲ JVAC မှာတင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ စင်တာဖွင့်လှစ်ရတဲ့ အကြောင်းအရင်း လက်ရှိတွင် ဂျပန်နိုင်ငံသို့ အလုပ်သွားရန် ပညာသင်ရန် သွားလာခရီးသွားရန် လိုအပ်သူများ အများကြီးများပြားလာနေတဲ့အတွက် လျှောက်ထားသူများအဆင်ပြေစေဖို့ ဤစင်တာကို ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။ JVAC မှာ ဘာတွေလုပ်ပေးသလဲ? လုပ်ငန်းစဉ် မြန်ဆန်ချက် ပိုမိုတိုးတက် သံရုံးမှာ တိုက်ရိုက်တင်သွားရတာထက် စာရွက်စာတမ်း စစ်ဆေးမှုတွေ စနစ်ကျပြီး မြန်ဆန်စွာ လက်ခံပေးနိုင်ပါတယ်။ လျှောက်ထားလက်ခံမည့် ဗီဇာအမျိုးအစားများ * ခရီးသွားဗီဇာ * စီးပွားရေးဗီဇာ * ကျောင်းသားဗီဇာ * အလုပ်သွားဗီဇာစသည်ဖြင့် သံရုံးသတ်မှတ်ထားသည့် သာမန်ဗီဇာအမျိုးအစားများကို လက်ခံပါတယ်။ VFS Global က စီမံခန့်ခွဲတဲ့ စင်တာ ဖြစ်ပြီး— * လျှောက်လွှာလက်ခံခြင်း * စာရွက်စာတမ်းပြည့်စုံမှုစစ်ဆေးခြင်း * နိုင်ငံကူးလက်မှတ် ပြန်လည်ပေးအပ်ခြင်း တာဝန်ပဲ ထမ်းဆောင်ပါတယ်။ ဗီဇာထောက်ခံ/မထောက်ခံ ဆုံးဖြတ်ချက်မှာတော့ ဂျပန်သံရုံးကသာ တာဝန်ယူ ဆုံးဖြတ်ပါတယ်။ ဤစင်တာဖွင့်လှစ်မှုက အလုပ်၊ ပညာသင်ကြားရေးနှင့် ခရီးသွားရန် ဂျပန်သွားမယ့် မြန်မာပြည်သူများအတွက် အလွန်အကျိုးရှိသော သတင်းကောင်းတစ်ခုပါ။ Visa လျှောက်ထားဖို့အတွက် ယခင်ကလိုပဲ ရက်ချိန်း ယူပြီးမှ သွားရမှာဖြစ်ပါတယ်။ ဒါပေမယ့် Visaကြေးအပြင် စင်တာရဲ့ဝန်ဆောင်ခအဖြစ် ၂၆၃၀၀ ကျပ် ပါ ထပ်မံပေးရမှာဖြစ်ပါတယ်။ ဒါအပြင် အခြားအပိုဝန်ဆောင်မှုများဖြစ်သော ရုံးချိန်ပြင်ပလျှောက်လွှာတင်ခြင်း၊ ရက်ချိန်းမယူဘဲလျှောက်လွှာတင်ခြင်း နှင့် အခြား ဝန်ဆောင်မှုများကိုလည်း ကျသင့်ငွေများပေးပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ လိပ်စာ – ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ (JVAC) အမှတ် (၁၁)၊ ကန်ရိပ်သာလမ်း & ဦးအောင်မြတ်လမ်းထောင့်၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။ ဖုန်း+959 783 469 376 +959 760 966 661 +959 760 966 662 Email: info.jpmy@vfshelpline.com Website: visa.vfsglobal.com/mmr/en/jpn အလုပ်ချိန် (တနင်္လာ – သောကြာ) အလုပ်ချိန် စုံလင်:နံနက် ၈:၃၀ – ညနေ ၅:၃၀ လျှောက်လွှာလက်ခံချိန်: * နံနက် ၈:៣၀ – ၁၂:၃၀ * နေ့လယ် ၁:၃၀ – ညနေ ၄:၀၀ ဗီဇာထုတ်ပေးချိန်: * နံနက် ၉:၀၀ – ညနေ ၅:၀၀ စနေ, တနင်္ဂနွေ, အစိုးရရုံးပိတ်ရက်၊ ဂျပန်သံရုံးပိတ်ရက်တွင် ပိတ်ပါတယ်။ Visa နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုများရယူလိုပါက အခုပဲ VCS Japan မှာ ဝန်ဆောင်မှုရယူကာ ဆောင်ရွက်နိုင်ပါပြီ။
🇯🇵 ဂျပန်မှာ PR လျှောက်မယ်ဆိုရင် စည်းကမ်းတွေ ပိုတင်းကြပ်လာတော့မယ်နော်
🇯🇵 ဂျပန်မှာ PR လျှောက်မယ်ဆိုရင် စည်းကမ်းတွေ ပိုတင်းကြပ်လာတော့မယ်နော်နောက်လာမယ့်ကာလမှာ ဂျပန်နိုင်ငံက နိုင်ငံခြားသားတွေကို အမြဲတမ်းနေထိုင်ခွင့် (PR) ပေးတဲ့ စည်းကမ်းတွေကို ပိုပြီး တင်းကြပ်သွားဖို့ စီစဉ်နေပါတယ်။ အဓိကကြည့်မယ့်အချက်တွေကတော့ ဝင်ငွေရှိမရှိ၊ ဂျပန်ဘာသာစကား တတ်မတတ် နဲ့ ကျန်းမာရေးအာမခံ ပေးထားမထား ဆိုတာတွေပါ။📌 ဝင်ငွေနဲ့ ဘာသာစကားကို ပိုစစ်မယ် PR လျှောက်တဲ့အခါ ကိုယ်တိုင် ငွေကြေးအရ ရပ်တည်နိုင်တယ်ဆိုတာကို အရင်ထက် ပိုသေချာအောင် ပြရပါလိမ့်မယ်။ ဝင်ငွေသတ်မှတ်ချက်လည်း မြင့်လာနိုင်ပြီး၊ ဂျပန်ဘာသာစကားလည်း အနည်းဆုံး တစ်ခုခုတော့ တတ်ထားဖို့ လိုလာပါလိမ့်မယ်။ 📌 ကျန်းမာရေးအာမခံ မပေးရင် ပြဿနာဖြစ်နိုင် ဂျပန်မှာ သုံးလကျော် နေတယ်ဆိုရင် National Health Insurance ကို မဖြစ်မနေ ဝင်ရပါမယ်။ ဒါကို မပေးဘူး၊ ပရီမီယံ မဆောင်ဘူးဆိုရင် ဗီဇာတိုးတာ၊ ဗီဇာပြောင်းတာတွေမှာ အခက်အခဲတွေ ကြုံရနိုင်ပါတယ်။အစိုးရစစ်တမ်းအရ နိုင်ငံခြားသားတွေထဲက အာမခံပေးနေသူတွေက ၆၃% လောက်ပဲ ရှိပြီး၊ ဂျပန်လူမျိုးတွေကတော့ ၉၃% လောက် ပေးနေကြတာမို့ ဒီအပိုင်းကို ပိုတင်းကြပ်ချင်နေတာပါ။📌 ဆေးရုံကြွေးကျန်ရင် နိုင်ငံပြန်ဝင်လို့မရနိုင် ဆေးရုံစရိတ် ယန်း ၁၀,၀၀၀ အထက် ကျန်နေတဲ့သူတွေရှိရင် အဲဒီအချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးကို ပို့မယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင် ဂျပန်မှာ နေသူတွေတင်မကပဲ ခရီးသွားလာတဲ့သူတွေပါ နိုင်ငံထဲ ပြန်ဝင်ခွင့် မရနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။အကျဉ်းချုပ်ရရင်တော့ ဂျပန်က “လာနေချင်ရင် တာဝန်ယူပြီး နေပါ” ဆိုတဲ့ဘက်ကို ပိုသွားနေတာပါ။ PR လျှောက်ဖို့ စဉ်းစားနေတဲ့သူတွေဆိုရင် ဝင်ငွေ၊ ဘာသာစကား၊ အာမခံကိစ္စတွေကို အခုကတည်းက ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။ Visa တင်ဖို့ စိတ်ပူနေသူများအတွက် VCS Japan မှာ service တင်နိုင်ပြီး –✅ လျင်မြန် လွယ်ကူစွာ လုပ်ချင်သူ✅ အချက်အလက်မှန်မှန်နဲ့ ပြင်ဆင်ချင်သူ✅ Reject မဖြစ်အောင် စနစ်တကျ လုပ်ချင်သူအခုပဲ VCS Japan မှာ လုပ်ငန်းအပ်ပြီး စိတ်ချယုံကြည်စွာ လျှောက်နိုင်ပါပြီ 🚀 ဒါ့အပြင် VCS Japan ဟာ Mother Company ဖြစ်တဲ့ B2B Japan နှင့်လည်း အတူရှိနေတဲ့အတွက် 🏢🤝အကယ်လို့ သင်က ဂျပန်မှာနေပြီး အိမ်အငှါးဝန်ဆောင်မှု၊ Home Wifi၊ Pocket Wifi၊ Simcard တို့ကို ရှာဖွေနေရင်လည်း 🏠📡📶📱VCS Japan မှာပင် စုံစမ်းမေးမြန်းကာ ဝယ်ယူနိုင်ပါကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ်။
ဂျပန််မှာကျောင်းတက်နေသူတွေအတွက် သတင်းဆိုး
ဂျပန်မှာ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေအတွက်တော့ ကြားရတဲ့ စိတ်ညစ်ရမယ့် သတင်းတစ်ခုပါပဲ။ ဂျပန်မှာ နိုင်ငံခြားသားကျောင်းသား အလုပ်လုပ်ခွင့်တွေ ပိုပြီး တင်းကြပ်လာတော့မယ်လို့ ကြေညာလိုက်ပါပြီ။ 2026 ခုနှစ်ကစပြီး ဂျပန်အစိုးရက နိုင်ငံခြားသားကျောင်းသားတွေရဲ့ အချိန်ပိုင်းအလုပ် (アルバイト) ကို စစ်ဆေးမှု ပိုတင်းကြပ်မယ် အလုပ်လုပ်ချိန်ကို ပိုပြီး တိကျစွာ စောင့်ကြည့်မယ် တရားမဝင် အလုပ်လုပ်မှုတွေကို ပြင်းပြင်းထန်ထန် တားဆီးမယ် လို့ ထုတ်ပြန်ထားပါတယ်။ အဓိက ပြောင်းလဲမယ့်အချက်တွေကတော့ အချိန်ပိုင်းအလုပ်လုပ်ခွင့် (資格外活動許可) ကို ပြန်လည်သုံးသပ်မယ်။ အရင်ကလို ဂျပန်ရောက်ရောက်ချင်း လေဆိပ်မှာ နာမည်၊ မွေးနေ့ စတဲ့ အခြေခံအချက်အလက်လေးတွေ ဖြည့်ပြီး အလွယ်တကူ လျှောက်လို့ မရတော့ပါဘူး။နောက်ပိုင်းမှာတော့ တကယ်ပညာသင်ကြားနေသလား? ဘယ်နေရာမှာ အလုပ်လုပ်မလဲ? စတာတွေကို တစ်ဦးချင်းစီ စစ်ဆေးပြီးမှ ခွင့်ပြုမယ့် စနစ်ကို ပြောင်းဖို့ စဉ်းစားနေပါတယ်။ အလုပ်လုပ်တဲ့နေရာ၊ အလုပ်ချိန်၊ ဝင်ငွေတွေကို ပိုစစ်မယ်ကျောင်းသားတွေရဲ့ ဝင်ငွေကို အခွန်ဆိုင်ရာ အချက်အလက်တွေကနေ တစ်ဆင့် အတည်ပြုနိုင်တဲ့ စနစ်ကိုပါ ထည့်သွင်းဖို့ ရည်ရွယ်ထားပါတယ်။ တစ်ပတ် ၂၈ နာရီကျော် အလုပ်လုပ်ရင် လွယ်လွယ်နဲ့ ဖော်ထုတ်နိုင်မယ် လက်ရှိမှာတော့ အလုပ်လုပ်တဲ့ နေရာကိုပဲ စစ်နိုင်ပြီး အလုပ်လုပ်ချိန်နဲ့ ဝင်ငွေကို တိတိကျကျ မစစ်နိုင်သေးပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ဝင်ငွေကို အတိအကျ သိနိုင်လာရင် တစ်ပတ် ၂၈ နာရီကျော် အလုပ်လုပ်နေတဲ့ တရားမဝင်မှုတွေကို လွယ်လွယ်နဲ့ ဖော်ထုတ်နိုင်တော့မှာပါ။ 2027 ကစပြီး MyNumber (マイナンバー) စနစ်ကို အသုံးပြုမယ်။ဒီစနစ်နဲ့ နိုင်ငံခြားသားတွေရဲ့ အခွန်ဆောင်ထားမှု အလုပ်အကိုင် အခြေအနေတွေကိုပါ ခြေရာခံနိုင်တော့မယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ အဓိကရည်ရွယ်ချက်ကတော့ စီးပွားဖြစ်ဖွင့်ထားတဲ့ကျောင်းတွေ၊ ကျောင်းသားဗီဇာကို အလွဲသုံးစားလုပ်ပြီး အလုပ်လုပ်နေတဲ့ တရားမဝင်မှုတွေကို တားဆီးဖို့ပါ။ ဒီသတင်းလေးကတော့ ဂျပန်ကို ကျောင်းနဲ့လာမယ့်သူတွေအတွက်ရော လက်ရှိကျောင်းတက်နေကြတဲ့သူတွေအတွက် သတိပြုရမယ့် သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ Visa တင်ဖို့ စိတ်ပူနေသူများအတွက် VCS Japan မှာ service တင်နိုင်ပြီး – လျင်မြန် လွယ်ကူစွာ လုပ်ချင်သူ အချက်အလက်မှန်မှန်နဲ့ ပြင်ဆင်ချင်သူ Reject မဖြစ်အောင် စနစ်တကျ လုပ်ချင်သူ အခုပဲ VCS Japan မှာ လုပ်ငန်းအပ်ပြီး စိတ်ချယုံကြည်စွာ လျှောက်နိုင်ပါပြီ ဒါ့အပြင် VCS Japan ဟာ Mother Company ဖြစ်တဲ့ B2B Japan နှင့်လည်း အတူရှိနေတဲ့အတွက် အကယ်လို့ သင်က ဂျပန်မှာနေပြီး အိမ်အငှါးဝန်ဆောင်မှု၊ Home Wifi၊ Pocket Wifi၊ Simcard တို့ကို ရှာဖွေနေရင်လည်း VCS Japan မှာပင် စုံစမ်းမေးမြန်းကာ ဝယ်ယူနိုင်ပါကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ်။