Blog

Home / Blog

🇯🇵 ဂျပန်မှာ PR လျှောက်မယ်ဆိုရင် စည်းကမ်းတွေ ပိုတင်းကြပ်လာတော့မယ်နော်

🇯🇵 ဂျပန်မှာ PR လျှောက်မယ်ဆိုရင် စည်းကမ်းတွေ ပိုတင်းကြပ်လာတော့မယ်နော်
နောက်လာမယ့်ကာလမှာ ဂျပန်နိုင်ငံက နိုင်ငံခြားသားတွေကို အမြဲတမ်းနေထိုင်ခွင့် (PR) ပေးတဲ့ စည်းကမ်းတွေကို ပိုပြီး တင်းကြပ်သွားဖို့ စီစဉ်နေပါတယ်။ အဓိကကြည့်မယ့်အချက်တွေကတော့ ဝင်ငွေရှိမရှိ၊ ဂျပန်ဘာသာစကား တတ်မတတ် နဲ့ ကျန်းမာရေးအာမခံ ပေးထားမထား ဆိုတာတွေပါ။
📌 ဝင်ငွေနဲ့ ဘာသာစကားကို ပိုစစ်မယ်

PR လျှောက်တဲ့အခါ ကိုယ်တိုင် ငွေကြေးအရ ရပ်တည်နိုင်တယ်ဆိုတာကို အရင်ထက် ပိုသေချာအောင် ပြရပါလိမ့်မယ်။ ဝင်ငွေသတ်မှတ်ချက်လည်း မြင့်လာနိုင်ပြီး၊ ဂျပန်ဘာသာစကားလည်း အနည်းဆုံး တစ်ခုခုတော့ တတ်ထားဖို့ လိုလာပါလိမ့်မယ်။

📌 ကျန်းမာရေးအာမခံ မပေးရင် ပြဿနာဖြစ်နိုင်

ဂျပန်မှာ သုံးလကျော် နေတယ်ဆိုရင် National Health Insurance ကို မဖြစ်မနေ ဝင်ရပါမယ်။ ဒါကို မပေးဘူး၊ ပရီမီယံ မဆောင်ဘူးဆိုရင် ဗီဇာတိုးတာ၊ ဗီဇာပြောင်းတာတွေမှာ အခက်အခဲတွေ ကြုံရနိုင်ပါတယ်။
အစိုးရစစ်တမ်းအရ နိုင်ငံခြားသားတွေထဲက အာမခံပေးနေသူတွေက ၆၃% လောက်ပဲ ရှိပြီး၊ ဂျပန်လူမျိုးတွေကတော့ ၉၃% လောက် ပေးနေကြတာမို့ ဒီအပိုင်းကို ပိုတင်းကြပ်ချင်နေတာပါ။
📌 ဆေးရုံကြွေးကျန်ရင် နိုင်ငံပြန်ဝင်လို့မရနိုင်

ဆေးရုံစရိတ် ယန်း ၁၀,၀၀၀ အထက် ကျန်နေတဲ့သူတွေရှိရင် အဲဒီအချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးကို ပို့မယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင် ဂျပန်မှာ နေသူတွေတင်မကပဲ ခရီးသွားလာတဲ့သူတွေပါ နိုင်ငံထဲ ပြန်ဝင်ခွင့် မရနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။
အကျဉ်းချုပ်ရရင်တော့ ဂျပန်က “လာနေချင်ရင် တာဝန်ယူပြီး နေပါ” ဆိုတဲ့ဘက်ကို ပိုသွားနေတာပါ။ PR လျှောက်ဖို့ စဉ်းစားနေတဲ့သူတွေဆိုရင် ဝင်ငွေ၊ ဘာသာစကား၊ အာမခံကိစ္စတွေကို အခုကတည်းက ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။

Visa တင်ဖို့ စိတ်ပူနေသူများအတွက် VCS Japan မှာ service တင်နိုင်ပြီး –
✅ လျင်မြန် လွယ်ကူစွာ လုပ်ချင်သူ
✅ အချက်အလက်မှန်မှန်နဲ့ ပြင်ဆင်ချင်သူ
✅ Reject မဖြစ်အောင် စနစ်တကျ လုပ်ချင်သူ
အခုပဲ VCS Japan မှာ လုပ်ငန်းအပ်ပြီး စိတ်ချယုံကြည်စွာ လျှောက်နိုင်ပါပြီ 🚀

ဒါ့အပြင် VCS Japan ဟာ Mother Company ဖြစ်တဲ့ B2B Japan နှင့်လည်း အတူရှိနေတဲ့အတွက် 🏢🤝
အကယ်လို့ သင်က ဂျပန်မှာနေပြီး အိမ်အငှါးဝန်ဆောင်မှု၊ Home Wifi၊ Pocket Wifi၊ Simcard တို့ကို ရှာဖွေနေရင်လည်း 🏠📡📶📱
VCS Japan မှာပင် စုံစမ်းမေးမြန်းကာ ဝယ်ယူနိုင်ပါကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ်။

Compare