Blog

Home / Blog

Japan Visa လျှောက်မယ့်နေရာအသစ် JVAC

ဂျပန်ဗီဇာ လျှောက်ထားလိုသူများအတွက် သတင်းကောင်း!ယခုအခါ Japan Visa Application Centre (JVAC) ကို ကန်တော်ကြီးအနီး Kan Thar Yar Centre တွင် တရားဝင်ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဂျပန်ဗီဇာနှင့် သက်ဆိုင်ရာ လျှောက်ထားမှုတွေကို ဂျပန်သံရုံးအထိ မသွားပဲ JVAC မှာတင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

📌 စင်တာဖွင့်လှစ်ရတဲ့ အကြောင်းအရင်း

လက်ရှိတွင် ဂျပန်နိုင်ငံသို့

အလုပ်သွားရန်

ပညာသင်ရန်

သွားလာခရီးသွားရန် လိုအပ်သူများ အများကြီးများပြားလာနေတဲ့အတွက် လျှောက်ထားသူများအဆင်ပြေစေဖို့ ဤစင်တာကို ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။

🟦 JVAC မှာ ဘာတွေလုပ်ပေးသလဲ?

❇️ လုပ်ငန်းစဉ် မြန်ဆန်ချက် ပိုမိုတိုးတက်

သံရုံးမှာ တိုက်ရိုက်တင်သွားရတာထက် စာရွက်စာတမ်း စစ်ဆေးမှုတွေ စနစ်ကျပြီး မြန်ဆန်စွာ လက်ခံပေးနိုင်ပါတယ်။

❇️ လျှောက်ထားလက်ခံမည့် ဗီဇာအမျိုးအစားများ

* ခရီးသွားဗီဇာ

* စီးပွားရေးဗီဇာ

* ကျောင်းသားဗီဇာ

* အလုပ်သွားဗီဇာစသည်ဖြင့် သံရုံးသတ်မှတ်ထားသည့် သာမန်ဗီဇာအမျိုးအစားများကို လက်ခံပါတယ်။

⚠️ VFS Global က စီမံခန့်ခွဲတဲ့ စင်တာ ဖြစ်ပြီး—

* လျှောက်လွှာလက်ခံခြင်း

* စာရွက်စာတမ်းပြည့်စုံမှုစစ်ဆေးခြင်း

* နိုင်ငံကူးလက်မှတ် ပြန်လည်ပေးအပ်ခြင်း တာဝန်ပဲ ထမ်းဆောင်ပါတယ်။ ဗီဇာထောက်ခံ/မထောက်ခံ ဆုံးဖြတ်ချက်မှာတော့ ဂျပန်သံရုံးကသာ တာဝန်ယူ ဆုံးဖြတ်ပါတယ်။

✨ ဤစင်တာဖွင့်လှစ်မှုက အလုပ်၊ ပညာသင်ကြားရေးနှင့် ခရီးသွားရန် ဂျပန်သွားမယ့် မြန်မာပြည်သူများအတွက် အလွန်အကျိုးရှိသော သတင်းကောင်းတစ်ခုပါ။

Visa လျှောက်ထားဖို့အတွက် ယခင်ကလိုပဲ ရက်ချိန်း ယူပြီးမှ သွားရမှာဖြစ်ပါတယ်။ ဒါပေမယ့် Visaကြေးအပြင် စင်တာရဲ့ဝန်ဆောင်ခအဖြစ် ၂၆၃၀၀ ကျပ် ပါ ထပ်မံပေးရမှာဖြစ်ပါတယ်။ ဒါအပြင် အခြားအပိုဝန်ဆောင်မှုများဖြစ်သော ရုံးချိန်ပြင်ပလျှောက်လွှာတင်ခြင်း၊ ရက်ချိန်းမယူဘဲလျှောက်လွှာတင်ခြင်း နှင့် အခြား ဝန်ဆောင်မှုများကိုလည်း ကျသင့်ငွေများပေးပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

📍 လိပ်စာ – ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ (JVAC)

အမှတ် (၁၁)၊ ကန်ရိပ်သာလမ်း & ဦးအောင်မြတ်လမ်းထောင့်၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

📞 ဖုန်း+959 783 469 376

+959 760 966 661

+959 760 966 662

📧 Email: info.jpmy@vfshelpline.com

🌐 Website: visa.vfsglobal.com/mmr/en/jpn

🕘 အလုပ်ချိန် (တနင်္လာ – သောကြာ)

အလုပ်ချိန် စုံလင်:နံနက် ၈:၃၀ – ညနေ ၅:၃၀

လျှောက်လွှာလက်ခံချိန်:

* နံနက် ၈:៣၀ – ၁၂:၃၀

* နေ့လယ် ၁:၃၀ – ညနေ ၄:၀၀

ဗီဇာထုတ်ပေးချိန်:

* နံနက် ၉:၀၀ – ညနေ ၅:၀၀

⚠️ စနေ, တနင်္ဂနွေ, အစိုးရရုံးပိတ်ရက်၊ ဂျပန်သံရုံးပိတ်ရက်တွင် ပိတ်ပါတယ်။

Visa နဲ့ပတ်သက်ပြီး ဝန်ဆောင်မှုများရယူလိုပါက အခုပဲ VCS Japan မှာ ဝန်ဆောင်မှုရယူကာ ဆောင်ရွက်နိုင်ပါပြီ။

Compare