Blog

Home / Blog

ဂျပန််မှာကျောင်းတက်နေသူတွေအတွက် သတင်းဆိုး

ဂျပန်မှာ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေအတွက်တော့ ကြားရတဲ့ စိတ်ညစ်ရမယ့် သတင်းတစ်ခုပါပဲ။

🇯🇵 ဂျပန်မှာ နိုင်ငံခြားသားကျောင်းသား အလုပ်လုပ်ခွင့်တွေ ပိုပြီး တင်းကြပ်လာတော့မယ်လို့ ကြေညာလိုက်ပါပြီ။

2026 ခုနှစ်ကစပြီး ဂျပန်အစိုးရက နိုင်ငံခြားသားကျောင်းသားတွေရဲ့ အချိန်ပိုင်းအလုပ် (アルバイト) ကို👉 စစ်ဆေးမှု ပိုတင်းကြပ်မယ်

👉 အလုပ်လုပ်ချိန်ကို ပိုပြီး တိကျစွာ စောင့်ကြည့်မယ်

👉 တရားမဝင် အလုပ်လုပ်မှုတွေကို ပြင်းပြင်းထန်ထန် တားဆီးမယ် လို့ ထုတ်ပြန်ထားပါတယ်။

📌 အဓိက ပြောင်းလဲမယ့်အချက်တွေကတော့

📝 အချိန်ပိုင်းအလုပ်လုပ်ခွင့် (資格外活動許可) ကို ပြန်လည်သုံးသပ်မယ်။ အရင်ကလို ဂျပန်ရောက်ရောက်ချင်း လေဆိပ်မှာ နာမည်၊ မွေးနေ့ စတဲ့ အခြေခံအချက်အလက်လေးတွေ ဖြည့်ပြီး အလွယ်တကူ လျှောက်လို့ မရတော့ပါဘူး။နောက်ပိုင်းမှာတော့

✔️ တကယ်ပညာသင်ကြားနေသလား?

✔️ ဘယ်နေရာမှာ အလုပ်လုပ်မလဲ?

စတာတွေကို တစ်ဦးချင်းစီ စစ်ဆေးပြီးမှ ခွင့်ပြုမယ့် စနစ်ကို ပြောင်းဖို့ စဉ်းစားနေပါတယ်။

📝 အလုပ်လုပ်တဲ့နေရာ၊ အလုပ်ချိန်၊ ဝင်ငွေတွေကို ပိုစစ်မယ်ကျောင်းသားတွေရဲ့ ဝင်ငွေကို အခွန်ဆိုင်ရာ အချက်အလက်တွေကနေ တစ်ဆင့် အတည်ပြုနိုင်တဲ့ စနစ်ကိုပါ ထည့်သွင်းဖို့ ရည်ရွယ်ထားပါတယ်။

📝 တစ်ပတ် ၂၈ နာရီကျော် အလုပ်လုပ်ရင် လွယ်လွယ်နဲ့ ဖော်ထုတ်နိုင်မယ်

လက်ရှိမှာတော့ အလုပ်လုပ်တဲ့ နေရာကိုပဲ စစ်နိုင်ပြီး အလုပ်လုပ်ချိန်နဲ့ ဝင်ငွေကို တိတိကျကျ မစစ်နိုင်သေးပါဘူး။

ဒါပေမဲ့ နောက်ပိုင်းမှာ ဝင်ငွေကို အတိအကျ သိနိုင်လာရင်

👉 တစ်ပတ် ၂၈ နာရီကျော် အလုပ်လုပ်နေတဲ့ တရားမဝင်မှုတွေကို လွယ်လွယ်နဲ့ ဖော်ထုတ်နိုင်တော့မှာပါ။

📝 2027 ကစပြီး MyNumber (マイナンバー) စနစ်ကို အသုံးပြုမယ်။ဒီစနစ်နဲ့ နိုင်ငံခြားသားတွေရဲ့✔️ အခွန်ဆောင်ထားမှု✔️ အလုပ်အကိုင် အခြေအနေတွေကိုပါ ခြေရာခံနိုင်တော့မယ်လို့ ဆိုပါတယ်။

📌 အစိုးရရဲ့ အဓိကရည်ရွယ်ချက်ကတော့ စီးပွားဖြစ်ဖွင့်ထားတဲ့ကျောင်းတွေ၊ ကျောင်းသားဗီဇာကို အလွဲသုံးစားလုပ်ပြီး အလုပ်လုပ်နေတဲ့ တရားမဝင်မှုတွေကို တားဆီးဖို့ပါ။

ဒီသတင်းလေးကတော့ ဂျပန်ကို ကျောင်းနဲ့လာမယ့်သူတွေအတွက်ရော လက်ရှိကျောင်းတက်နေကြတဲ့သူတွေအတွက် သတိပြုရမယ့် သတင်းတစ်ပုဒ်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ Visa တင်ဖို့ စိတ်ပူနေသူများအတွက် VCS Japan မှာ service တင်နိုင်ပြီး –

✅ လျင်မြန် လွယ်ကူစွာ လုပ်ချင်သူ

✅ အချက်အလက်မှန်မှန်နဲ့ ပြင်ဆင်ချင်သူ

✅ Reject မဖြစ်အောင် စနစ်တကျ လုပ်ချင်သူ

အခုပဲ VCS Japan မှာ လုပ်ငန်းအပ်ပြီး စိတ်ချယုံကြည်စွာ လျှောက်နိုင်ပါပြီ 🚀

ဒါ့အပြင် VCS Japan ဟာ Mother Company ဖြစ်တဲ့ B2B Japan နှင့်လည်း အတူရှိနေတဲ့အတွက် 🏢🤝

အကယ်လို့ သင်က ဂျပန်မှာနေပြီး အိမ်အငှါးဝန်ဆောင်မှု၊ Home Wifi၊ Pocket Wifi၊ Simcard တို့ကို ရှာဖွေနေရင်လည်း 🏠📡📶📱

VCS Japan မှာပင် စုံစမ်းမေးမြန်းကာ ဝယ်ယူနိုင်ပါကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ်။

Compare