Blog

Home / Blog

ပထမဆုံးအကြိမ် ဂျပန်ကို အလည်ဗီဇာ (Tourist Visa) နဲ့ သွားဖို့ ပြင်ဆင်နေသူတွေအတွက်

ပထမဆုံးအကြိမ် ဂျပန်ကို အလည်ဗီဇာ (Tourist Visa) နဲ့ သွားဖို့ ပြင်ဆင်နေသူတွေအတွက် “ဗီဇာကျဖို့ ရာခိုင်နှုန်းများစေမယ့်” သတိထားရမယ့် အချက် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။

🇯🇵

 Japan Tourist Visa လျှောက်တော့မယ်ဆိုရင် ဒါတွေသတိထား!

၁။ ခရီးစဉ် (Itinerary) နှင့် ဟိုတယ် Booking 

🏨

ပထမဆုံးလျှောက်သူတွေအတွက် ခရီးစဉ်ဇယားက အရေးကြီးပါတယ်။ ဘယ်နေ့မှာ ဘယ်နေရာသွားမယ်၊ ဘယ်ဟိုတယ်မှာ တည်းမယ်ဆိုတာကို အသေးစိတ်ရေးရပါမယ်။ ဟိုတယ် Booking ကလည်း ဗီဇာလျှောက်တဲ့ ခရီးစဉ်နဲ့ ထပ်တူကျနေဖို့ လိုပါတယ်။

၂။ အလုပ်အကိုင် ခိုင်မာမှု ပြသခြင်း 

💼

မြန်မာနိုင်ငံကို ပြန်လာမှာဖြစ်ကြောင်း သက်သေပြဖို့ အလုပ်ရှင်ဆီက Recommendation Letter (သို့မဟုတ်) အလုပ်နားခွင့်စာ လိုအပ်ပါတယ်။ ကုမ္ပဏီပိုင်ရှင်ဆိုရင်တော့ ကုမ္ပဏီလိုင်စင် (DICA) ပြဖို့ လိုပါမယ်။
၃။ ဘဏ်စာရင်း (Bank Statement) မှာ ငွေအဝင်အထွက် 

💰

Show Money က ပမာဏတင်မကဘဲ Balance တည်ငြိမ်မှု ကလည်း အရေးကြီးပါတယ်။ ဗီဇာလျှောက်ခါနီးမှ ပိုက်ဆံအများကြီး ရုတ်တရက် ထည့်လိုက်တာမျိုးက သံရုံးရဲ့ သံသယကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန် အဝင်အထွက်ရှိနေတဲ့ Statement မျိုးက ပိုခိုင်မာပါတယ်။

၄။ ပတ်စပို့ (Passport) သက်တမ်း 

🛂

ပတ်စပို့သက်တမ်းဟာ အနည်းဆုံး (၆) လ ကျန်ရှိနေရပါမယ်။ သက်တမ်းသိပ်မကျန်တော့ရင် အသစ်လဲပြီးမှ လျှောက်တာ ပိုစိတ်ချရပါတယ်။

၅။ VFS မှာ Appointment ကြိုတင်ရယူခြင်း 

🗓️

အခုဆိုရင် VFS Global ကနေပဲ လက်ခံတာဖြစ်လို့ ခရီးမထွက်ခင် ရက်ပေါင်း (၃၀) ခန့် ကြိုတင်ပြီး Appointment ယူထားသင့်ပါတယ်။ လူများတတ်တဲ့အတွက် နောက်ကျမှလျှောက်ရင် ခရီးစဉ်ရက်နဲ့ မမီတာမျိုး ဖြစ်တတ်ပါတယ်။

ဂျပန်နိုင်ငံမှာ Visa တင်ဖို့ စိတ်ပူနေသူများအတွက် VCS Japan မှာ service တင်နိုင်ပြီး –

လျင်မြန် လွယ်ကူစွာ လုပ်ချင်သူ

✅

 အချက်အလက်မှန်မှန်နဲ့ ပြင်ဆင်ချင်သူ

✅

 Reject မဖြစ်အောင် စနစ်တကျ လုပ်ချင်သူ
အခုပဲ VCS Japan မှာ လုပ်ငန်းအပ်ပြီး စိတ်ချယုံကြည်စွာ လျှောက်နိုင်ပါပြီ 

🚀

ဒါ့အပြင် VCS Japan ဟာ Mother Company ဖြစ်တဲ့ B2B Japan နှင့်လည်း အတူရှိနေတဲ့အတွက် 

🏢
🤝

အကယ်လို့ သင်က ဂျပန်မှာနေပြီး အိမ်အငှါးဝန်ဆောင်မှု၊ Home Wifi၊ Pocket Wifi၊ Simcard တို့ကို ရှာဖွေနေရင်လည်း 

🏠
📡
📶
📱

VCS Japan မှာပင် စုံစမ်းမေးမြန်းကာ ဝယ်ယူနိုင်ပါကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *

Compare